
ဇွန်လ(၁၇)ရက်နေ့ နံနက် ၂း၁၄ နာရီ မှ (၁၈)ရက်နေ့ နံနက် ၂း၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့ နံနက် ၂း၁၄ နာရီ မှ (၁၈)ရက်နေ့ နံနက် ၂း၂ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် သတ္တဘိသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် သတ္တဘိသျှနက္ခတ်၌ ဖွားသောသူသည် အထီးကျန်သူသည်လည်းကောင်း၊ စီးပွားဥစ္စာ ပြည့်စုံသူသည်လည်းကောင်း၊ သူ့သားမယားကို ပြစ်မှားမှီဝဲတတ်သူသည်လည်းကောင်း၊ တိုင်းတစ်ပါး၌ မိန်းမယစ်မူးကာယကြူးသောသူသည်လည်းကောင်း ဖြစ်တတ်သည်။ သစ္စာရှိသည်။ မှန်ကန်ဖြောင့်မတ်ယုံကြည်စိတ်ချရသူဖြစ်တတ်သည်။ အသံပြာပြာနှင့် စကားပြောဆိုတတ်သည်။ အကျင့်စာရိတ္တ ကောင်းသည်။ ရန်သူများကို အောင်နိုင်မည်။ ရဲဝံ့စွန့်စားရဲမည်။ လက်အောက်ခံလုပ်မည်မဟုတ်ပါ။ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ပါသည်။ နှမြောတွန့်တိုအံ့၊ ဥစ္စာဓန ချမ်းသာအံ့၊ သူတပါး မယားနှင့် ဖောက်ပြန်ကျူးလွန်တတ်ခြင်း၊ တိုင်းတပါး နိုင်ငံရပ်ခြားတွင်နေထိုင်ရန် ဆန္ဒရှိသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.