
ဇွန်လ(၁၈)ရက်နေ့ နံနက် ၂း၃ နာရီ မှ (၁၉)ရက်နေ့ နံနက် ၁း၂၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့ နံနက် ၂း၃ နာရီ မှ (၁၉)ရက်နေ့ နံနက် ၁း၂၃ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်၌ ဖွားသောသူသည် စကားတတ်ခြင်း၊ ချမ်းသာခြင်း၊ သားသမီးပွားစီ ထွန်းကားခြင်း၊ အအိပ်ကြီးခြင်း၊ အသုံးမကျသူဖြစ်မည်။ စိုးရိမ်ပူပန် ကြောင့်ကြတတ်သည်။ ဝမ်းနည်းကြေကွဲရတတ်သည်။ သူတစ်ပါးမယားကို အရှင်သခင်အနေဖြင့် ဆက်ဆံတတ်သည်။ စည်းစိမ်ချမ်းသာကြွယ်ဝ၍ လိမ္မာကျွမ်းကျင်သော်လည်း မလှူရက်၊ မတန်းရက်ဖြစ်နေတတ်သည်။ စကားအပြောအဆို ကြွယ်ဝခြင်း၊ သုခစည်းစိမ်ခံစားခြင်း၊ သားသမီးချွေရံများစွာရှိခြင်း၊ အအိပ်လွန်စွာကြီးခြင်း၊ အချိန်ကို အချည်းနှီးဖြုန်းတီးနေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.