၂၀၂၅ ခုနှစ် ၊ ဇွန်လ (၂၄) ရက်နေ့ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

၂၀၂၅ ခုနှစ် ၊ ဇွန်လ (၂၄) ရက်နေ့ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Tuesday, June 24, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ ညနေ ၄း၁၈ နာရီ မှ (၂၄)ရက်နေ့ နေ့လည် ၁း၅၆ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် ရောဟဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ရောဟဏီနက္ခတ်၌ ဖွားသောသူသည် ဓနရှင်ဖြစ်သည်။ ကျေးဇူးသိမည်။ ဉာဏ်လျင်မည်။ မင်းမြတ်နိုးခြင်း ခံရမည်။ ချစ်ဖွယ်စကားဆိုတတ်သည်။ မှန်ရာကို ဆိုတတ်သည်။ ရုပ်ကောင်းသည်။ သစ္စာရှိသည်။ ရိုးသားဖြောင့်မတ်သည်။ သန့်ရှင်းသည်။ ဖြောင့်ဖျ ပြောဆိုနိုင်စွမ်းရှိသည်။ ဖြေးဖြေးမှန်မှန်စိတ်ထားနှင့် နှလုံးသားရှိသည်။ ရုပ်ဆင်းရူပကာ အလွန်တရာ ကြည့်၍ ကောင်းသည်။ ဥစ္စာဓနကြွယ်ဝချမ်းသာခြင်း၊ သူတပါး၏ကျေးဇူးကို သိတတ်ခြင်း၊ သည်းခံနိုင်သော စိတ်စွမ်းအင်ရှိခြင်း၊ မင်းအစိုးရ၏ ဂုဏ်ပြုမှုကိုခံရခြင်း၊ ချစ်စဖွယ် စကားကို ပြောဆိုတတ်ခြင်း၊ မှန်ကန်သော သစ္စာစကားကိုသာ ပြောလေ့ရှိခြင်းနှင့် ရုပ်ရည်ချောမွေ့သူ ဖြစ်တတ်ပါသည်။

၂၀၂၅ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့  နေ့လည် ၁း၅၇ နာရီ မှ (၂၅)ရက်နေ့ နံနက် ၁၁း၄၄ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် မိဂသီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် မိဂသီနက္ခတ်၌ ဖွားသောသူသည် ရံခါလျှပ်ပေါ်မည်။ ယဉ်ကျေးမည်။ ရံခါတည်ကြည်မည်။ ကောက်ကျစ်သော အမှုကိုပြုတတ်သည်။ ငါတကော ကောတတ်သည်။ သူတပါးကို မုန်းထားမလို မကြည်ညို မချစ်ခင်တတ်ပါ။ လျှင်မြန်စွာ ပြေးလွှားသွားလာနိုင်သည်။ သမင်ကဲ့သို့တည်း၊ တည်ငြိမ်မှု မရှိသော်လည်း တီထွင်ဉာဏ်ရှိသည်။ ရှက်ကြောက် တတ်သည်။ ကျွမ်းကျင်မှုရှိသည်။ မျှော်လင့်အားထား၍ စွမ်းအားရှိသည်။ ချမ်းသာသည်။ အပျော်အပါး လိုက်စားသည်။ ကိုယ်စိတ်အမြဲလှုပ်ရှားနေခြင်း၊ ဉာဏ်အမြင်ကျယ်ခြင်း၊ ခံနိုင်ရည်သတ္တိရှိခြင်း၊ ကုန်ပစ္စည်းအတုအပကို ထုတ်လုပ်နိုင်ခြင်း၊ ကိုယ်ကျိုးကိုသာ ရှေ့ရှု တတ်ခြင်း၊ မာန်မာနရှိခြင်း၊ ထို့ပြင် သူတပါးကို ရန်လိုသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.