ဝါဆိုလပြည့်နေ့ ပြုလုပ်သင့်သည့်ယတြာ

ဝါဆိုလပြည့်နေ့ ပြုလုပ်သင့်သည့်ယတြာ

Tuesday, July 8, 2025

ဂမ္ဘီရ

လပြည့်ညမှာ ဆန် ဆီ ဆေး ဆား ဤလေးမျိုးအား ကပ်လှူပူဇော်ရပါ၏။ 

လပြည့်နေ့၏ မနက် (၉)နာရီ နဲ့ (၉:၄၅) မိနစ်အတွင်း သို့ (၁၂)နာရီမတိုင်ခင် အချိန်အတွင်း ဆောင်ရွက်ရပါမည်။ 

မိမိတို့နေအိမ်ရှိ ဘုရားကျောင်းဆောင်တွင် မြတ်စွာဘုရားအား ရည်ရွယ်ပြီး ဆန် ၊ ဆီ ၊ ဆေး ၊ ဆား အား ကပ်လှူပေးရပါသည်။ ( မြတ်စွာဘုရားအား ဆန် ၊ ဆီ ၊ ဆေး ၊ ဆားများ ကပ်လှူပါ၏ဟု ပြောဆိုကာ ကပ်လှူပေးပါ။ )

‘ဆန်၊ဆီ၊ဆား၊ဆေး’ လှူဒါန်းရခြင်းအကျိုးမှာ အကျပ်အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။ ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။ မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။ 

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

လှူဒါန်းပြီးပါက မေတ္တာသုတ် (၁) ခေါက် ၊ ပုဗ္ဗဏှသုတ် (၁)ခေါက် ၊ သမ္ဗုဒ္ဓေ (၁၀) ခေါက် ၊ ဒိဝါတပတိ (၁၀) ခေါက် ၊ ဓမ္မစကြာ (၁)ခေါက် ပူဇော်ပေးပါ။ 

ဝါတွင်းသုံးလမှာ ရက်အကန့်သတ်တစ်ခုထားပြီး အဓိဌာန်တစ်ခုခု ရက်ရှည်ဝင်နိုင်ပါက သာလွန်ကောင်းပါသည်။ မည်သည့်အဓိဌာန်ဝင်ရမည်ဟုဆိုသော သတ်မှတ်ချက်မရှိပါဘူး။ မိမိလုပ်နိုင်သော အဓိဌာန်ကို အဓိဌာန်မပျက်ဘဲ ဆောင်ရွက်နိုင်ဖို့သာ အရေးကြီးပါသည်။ 

" အရဟံသိဒ္ဓိ " ပဲ ဝင်မလား ၊ သမ္ဗုဒ္ဓေ တစ်နေ့တစ်ထောင်ဝင်မလား ၊ ဂုဏ်တော်ကိုးပါး တစ်နေ့ပုတီး ကိုးပတ်စိပ်မလား ၊ အရဟံရှစ်သောင်းလေးထောင်အား ကိုးကြိမ်ပြည့်အောင် စိပ်မလား ၊ ဒိဝါတပတိဂါထာတစ်နေ့ ပုတီးကိုးပတ်စိပ်မလား ၊ အန္တရာယ်ကင်းအောင် အဌာနံမေတံ သက်တော်မြဲဂါထာအား ပုတီးစိပ်မလား ၊ သရဏဂုံကိုးဆယ်ကျင့်စဉ်များ ကျင့်မလား ၊ မိမိလုပ်နိုင်တာထက် ပိုလွန်သောအဓိဌာန်ကို လုပ်စေချင်ပါတယ် သို့မဟုတ် မိမိအတွက် သင့်တော်မည်ဟု ယူဆရသော နှစ်သက်ရာကျင့်စဉ်တစ်ခုခု ဝင်နိုင်ပါသည်။

🌼ဆန် ၊ ဆီ ၊ ဆေး ၊ ဆား  ကပ်လှူ၍ 
🌼ကောင်းမှုကုသိုလ်ပြုရင်း 
🌼မကောင်းကံပျောက် ကောင်းသောကံများရောက်ရှိ၍ 
🌼ကျန်းမာကြပါစေ🙏🙏🙏
🌼ချမ်းသာကြပါစေ🙏🙏🙏
🌼နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏🙏