ဇူလိုင်လ (၂၁)ရက်နေ့  နံနက် ၁၀း၄၇ နာရီမှ (၂၂)ရက်နေ့ နံနက် ၁၂း၂၈  နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဇူလိုင်လ (၂၁)ရက်နေ့ နံနက် ၁၀း၄၇ နာရီမှ (၂၂)ရက်နေ့ နံနက် ၁၂း၂၈ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Monday, July 21, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့  နံနက် ၁၀း၄၇ နာရီမှ (၂၂)ရက်နေ့ နံနက် ၁၂း၂၈  နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ရောဟဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ရောဟဏီနက္ခတ်၌ ဖွားသောသူသည် ဓနရှင်ဖြစ်သည်။ ကျေးဇူးသိမည်။ ဉာဏ်လျင်မည်။ မင်းမြတ်နိုးခြင်း ခံရမည်။ ချစ်ဖွယ်စကားဆိုတတ်သည်။ မှန်ရာကို ဆိုတတ်သည်။ ရုပ်ကောင်းသည်။ သစ္စာရှိသည်။ ရိုးသားဖြောင့်မတ်သည်။ သန့်ရှင်းသည်။ ဖြောင့်ဖျ ပြောဆိုနိုင်စွမ်းရှိသည်။ ဖြေးဖြေးမှန်မှန်စိတ်ထားနှင့် နှလုံးသားရှိသည်။ ရုပ်ဆင်းရူပကာ အလွန်တရာ ကြည့်၍ ကောင်းသည်။ ဥစ္စာဓနကြွယ်ဝချမ်းသာခြင်း၊ သူတပါး၏ကျေးဇူးကို သိတတ်ခြင်း၊ သည်းခံနိုင်သော စိတ်စွမ်းအင်ရှိခြင်း၊ မင်းအစိုးရ၏ ဂုဏ်ပြုမှုကိုခံရခြင်း၊ ချစ်စဖွယ် စကားကို ပြောဆိုတတ်ခြင်း၊ မှန်ကန်သော သစ္စာစကားကိုသာ ပြောလေ့ရှိခြင်းနှင့် ရုပ်ရည်ချောမွေ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.