
ဇူလိုင်လ(၂၁)ရက်နေ့ ည ၁၀း၀၈ နာရီမှ (၂၂)ရက်နေ့ ည ၈း၂၆ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ ည ၁၀း၀၈ နာရီမှ (၂၂)ရက်နေ့ ည ၈း၂၆ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် မိဂသီနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် မိဂသီနက္ခတ်၌ ဖွားသောသူသည် ရံခါလျှပ်ပေါ်မည်။ ယဉ်ကျေးမည်။ ရံခါတည်ကြည်မည်။ ကောက်ကျစ်သော အမှုကိုပြုတတ်သည်။ ငါတကော ကောတတ်သည်။ သူတပါးကို မုန်းထားမလို မကြည်ညို မချစ်ခင်တတ်ပါ။ လျှင်မြန်စွာ ပြေးလွှားသွားလာနိုင်သည်။ သမင်ကဲ့သို့တည်း၊ တည်ငြိမ်မှု မရှိသော်လည်း တီထွင်ဉာဏ်ရှိသည်။ ရှက်ကြောက် တတ်သည်။ ကျွမ်းကျင်မှုရှိသည်။ မျှော်လင့်အားထား၍ စွမ်းအားရှိသည်။ ချမ်းသာသည်။ အပျော်အပါး လိုက်စားသည်။ ကိုယ်စိတ်အမြဲလှုပ်ရှားနေခြင်း၊ ဉာဏ်အမြင်ကျယ်ခြင်း၊ ခံနိုင်ရည်သတ္တိရှိခြင်း၊ ကုန်ပစ္စည်းအတုအပကို ထုတ်လုပ်နိုင်ခြင်း၊ ကိုယ်ကျိုးကိုသာ ရှေ့ရှုတတ်ခြင်း၊ မာန်မာနရှိခြင်း၊ ထို့ပြင် သူတစ်ပါးကို ရန်လိုသူဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.