ဇူလိုင်လ (၂၉)ရက်နေ့  ည ၈း၃၁ နာရီမှ (၃၀)ရက်နေ့ ည ၁၀း၅၄  နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဇူလိုင်လ (၂၉)ရက်နေ့ ည ၈း၃၁ နာရီမှ (၃၀)ရက်နေ့ ည ၁၀း၅၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Wednesday, July 30, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့  ည ၈း၃၁ နာရီမှ (၃၀)ရက်နေ့ ည ၁၀း၅၄  နာရီအတွင်း မွေးဖွားမည့်ကလေးများသည် ဟဿတနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဟဿတနက္ခတ်၌ ဖွားသောသူသည် မုသားဆိုတတ်သည်။ လူရှုပ်လူပွေဖြစ်တတ်သည်။ အရက်သမားဖြစ်တတ်မည်။ ဆွေမျိုးဝိုင်းပယ်ခံရတတ်ခြင်း၊ သူတစ်ပါးမယားပြစ်မှားတတ်သည်။ အလွယ်တကူနှင့် အလွန်အမင်းစိတ်လှုပ်ရှားတတ်သည်။ မောက်မာဝါကြွား၍ စော်ကား မော်ကား ပြုတတ်သည်။ မူးယစ်သောက်စားတတ်သည်။ အကြင်နာတရားမရှိပါ။ သူခိုးသူဝှက် ဖြစ်တတ်သည်။ မဟုတ်မမှန် မုသားစကားကို ပြောဆိုတတ်ခြင်း၊ အရှက်အကြောက်ကင်းခြင်း၊ အရက်သေစာ သောက်ကြူးခြင်း၊ အပေါင်းအသင်းခင်မင်သူ ကင်းမဲ့ခြင်း၊ သူတစ်ပါး၏ ဥစ္စာကိုခိုးဝှက်တတ်ခြင်း၊ သူတစ်ပါး၏ မယားနှင့် ဖောက်ပြန်ကျူးလွန်နေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.