
ဇူလိုင်လ (၃၀)ရက်နေ့ ည ၁၀း၅၅ နာရီမှ (၃၁)ရက်နေ့ တစ်နေ့လုံးနှင့် သြဂုတ်လ (၁)ရက်နေ့ နံနက် ၁း၄၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ ည ၁၀း၅၅ နာရီမှ (၃၁)ရက်နေ့ တစ်နေ့လုံးနှင့် သြဂုတ်လ (၁)ရက်နေ့ နံနက် ၁း၄၃ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် စိတြနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် စိတြနက္ခတ်၌ ဖွားသောသူသည် သားမယားနှင့် မခြားမသီး နီးနီးနားနားနေရတတ်သည်။ မညိုးမလျော် ပျော်ပျော်ရွှင်ရွှင်နေရတတ်သည်။ စပါး၊ ဆန် ၊ ရေ၊ ရွှေ ငွေ ဓန ပေါကြွယ်ဝသည်။ ဘာသာတရား အသက်သိက္ခာကြီးမားသူများကို ပူဇော်ဆည်းကပ်မည်။ ရောင်စုံ အဝတ်အထည် အဆန်းအပြားများ ဝတ်စားဆင်ယင်တတ်သည်။ ပန်းအမျိုးမျိုး ပန်းဆင်တတ်သည်။ မျက်လုံး လှသည်။ ခြေလက်၊ အင်္ဂါများ အချိုးကျသည်။ ရည်မွန်ကျော့ရှင်းသည်။ သားမယားချွေရံသင်းပင်းနှင့် အတူနေရတတ်သည်။ ရောင့်ရဲတင်း တိမ်တတ်ခြင်း၊ ဥစ္စာဓနချမ်းသာခြင်း၊ နတ်ဒေဝါနှင့်ရဟန်း, ပုဏ္ဏားတို့အား ဆည်းကပ်ကိုးကွယ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.