သြဂုတ်လ (၅) ရက် နှင့် (၆) ရက် မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

သြဂုတ်လ (၅) ရက် နှင့် (၆) ရက် မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Tuesday, August 5, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့  နံနက် ၁၀း၁၁ နာရီ မှ (၅)ရက်နေ့ နေ့လည် ၁၂း၂၀ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဇေဋ္ဌနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဇေဋ္ဌနက္ခတ်၌ ဖွားသောသူသည် မိတ်ဆွေသင်္ဂဟအများ၏ အားထားရာ ခေါင်းဆောင်ဖြစ်တတ်သည်။ ယဉ်ကျေးမည်။ မြော်မြင်တတ်၊ ဆင်ခြင်တတ်၊ တွေးခေါ်တတ်သည်။ တရား၌မွေ့လျော်တတ်မည်။ ဆင်းရဲသားခေါင်းဆောင်ဖြစ်တတ်သည်။ မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်သည်။ ရောင့်ရဲလွယ်သူဖြစ်သည်။ အကျင့်သီလဖြူစင်သည်။ သို့သော် ဒေါသအလွန်ကြီးတတ်ပါသည်။ မိတ်ဆွေအသိုင်းအဝိုင်းများတတ်သည်။ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်ခြင်း၊ တရားဟောဆရာ၊ ကျမ်းပြုစုသူဖြစ်ခြင်း၊ လှူဒါန်းပေးကမ်းမှုရက်ရောခြင်း၊ ပညာရှိသုခမိန်ဖြစ်ခြင်း၊ တရားဓမ္မကျင့်သုံးနေထိုင်ခြင်း၊ ထို့ပြင် ဆင်းရဲသူတို့၏ အားကိုးအားထားပြုမူခံရသူ ဖြစ်တတ်ပါသည်။

၂၀၂၅ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ နေ့လည် ၁၂း၂၀ နာရီမှ (၆)ရက်နေ့ နေ့လည် ၁း၅၇ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဇေဋ္ဌနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဇေဋ္ဌနက္ခတ်၌ ဖွားသောသူသည် မိတ်ဆွေသင်္ဂဟအများ၏ အားထားရာ ခေါင်းဆောင်ဖြစ်တတ်သည်။ ယဉ်ကျေးမည်။ မြော်မြင်တတ်၊ ဆင်ခြင်တတ်၊ တွေးခေါ်တတ်သည်။ တရား၌မွေ့လျော် တတ်မည်။ ဆင်းရဲသားခေါင်းဆောင်ဖြစ်တတ်သည်။ မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်သည်။ ရောင့်ရဲလွယ်သူဖြစ်သည်။ အကျင့်သီလဖြူစင်သည်။ သို့သော် ဒေါသအလွန်ကြီးတတ်ပါသည်။ မိတ်ဆွေအသိုင်းအဝိုင်းများတတ်သည်။ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်ခြင်း၊ တရားဟောဆရာ၊ ကျမ်းပြုစုသူဖြစ်ခြင်း၊ လှူဒါန်းပေးကမ်းမှုရက်ရောခြင်း၊ ပညာရှိသုခမိန်ဖြစ်ခြင်း၊ တရားဓမ္မ ကျင့်သုံးနေထိုင်ခြင်း၊ ထို့ပြင် ဆင်းရဲသူတို့၏ အားကိုးအားထားပြုမူခံရသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.