
၀ါခေါင်လပြည့်နေ့ကစပြီး မေတ္တာသုတ်အဓိဌာန်ပြုပုံနည်းလမ်း
၀ါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့ဖြစ်တာမို့ မေတ္တာသုတ်အဓိဌာန်ပြုပုံနည်းလမ်းလေး မျှဝေပေးချင်ပါတယ်။
မေတ္တာသုတ်မရွတ်မီ နေ့အလိုက်ဂြိုလ်မင်းများကို တိုင်တည်ပြီးမှ မေတ္တာပို့ပါ။
တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ တနင်္ဂနွေသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ" ဆိုပြီး ရွတ်ဆိုရပါမယ် ။
မေတ္တာသုတ်ကို -
တနင်္ဂနွေနေ့ - (၆) ခေါက်
တနင်္လာနေ့ - (၁၅) ခေါက်
အင်္ဂါနေ့ - (၈) ခေါက်
ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် (၁၇)ခေါက်
ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း (၁၂)ခေါက်
ကြာသပတေးနေ့ - (၁၉)ခေါက်
သောကြာနေ့ - (၂၁)ခေါက်
စနေနေ့ - (၁၀)ခေါက် အဓိဌာန်ရွတ်ဆိုပေးပါ ။
မေတ္တာသုတ်ကျင့်စဉ်ကြောင့်ရရှိမယ့် ကောင်းကျိုးချမ်းသာများဟာ အဓိဌာန်ပြုရွတ်ဖတ်စဉ်ကာလအတွင်းသိသိသာသာအကျိုးပေးတာကိုတွေ့ရမှာဖြစ်လို့ မေတ္တာရှေ့ထားလို့ တိုက်တွန်းမျှဝေပေးလိုက်ရပါတယ်ရှင် ။
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၀ါခေါင်လပြည့်နေ့ #မေတ္တာသုတ် #မေတ္တာအခါတော်နေ့ #ဗေဒင် #ယတြာ