
သြဂုတ်လ (၁၂) ရက် မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နေ့လည် ၁း၆၀ နာရီမှ (၁၂)ရက်နေ့ နေ့လည် ၁၂း၅၀ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်၌ ဖွားသောသူသည် စကားတတ်ခြင်း၊ ချမ်းသာခြင်း၊ သားသမီးပွားစီ ထွန်းကားခြင်း၊ အအိပ်ကြီးခြင်း၊ အသုံးမကျသူဖြစ်မည်။ စိုးရိမ်ပူပန်ကြောင့်ကြတတ်သည်။ ဝမ်းနည်းကြေကွဲရတတ်သည်။ သူတပါးမယားကို အရှင်သခင်အနေဖြင့် ဆက်ဆံတတ်သည်။ စည်းစိမ်ချမ်းသာကြွယ်ဝ၍ လိမ္မာကျွမ်းကျင်သော်လည်း မလှူရက်၊ မတန်းရက်ဖြစ်နေတတ်သည်။ စကားအပြောအဆိုကြွယ်ဝခြင်း၊ သုခစည်းစိမ်ခံစား ခြင်း၊ သားသမီးချွေရံများစွာရှိခြင်း၊ အအိပ်လွန်စွာကြီးခြင်း၊ အချိန်ကို အချည်းနှီးဖြုန်းတီးနေသူ ဖြစ်တတ်ပါသည်။
၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ နေ့လည် ၁၂း၅၁ နာရီမှ (၁၃)ရက်နေ့ နေ့လည် ၁၁း၃၂ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဥတ္တရဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ဥတ္တရဘဒြပိုဒ်နက္ခတ်၌ မွေးဖွားသောသူသည် အသားဖြူခြင်း၊ ကိုယ်ရည်သတ္တိရှိခြင်း၊ တရားသိခြင်း၊ ရန်သူကိုနှိမ်နင်းတတ်ခြင်း၊ နတ်အချို့ထက်ပင်သာလွန်တတ်သည်။ ထက်မြတ် သွက်လက် ရက်စက်ကြမ်းကြုတ်သူဖြစ်မည်။ သျှတ္တရကျမ်းများနှင့် ဘာသာရေးကျမ်းများကို ကောင်းစွာပြောဆိုနိုင်စွမ်းရှိမည်။ သားသမီး၊ မြေး၊ မြစ်တို့နှင့် ပျော်ရွှင်စွာ နေထိုင်ရတတ်သည်။ ရန်သူများကို အောင်နိုင်သည်။ ဘာသာရေးလေးစားသည်။ အသားဖြူခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ကိုယ်ကျင့်တရားနှင့် ညီညွတ်စွာနေထိုင်ခြင်း၊ ရန်သူကိုတွန်းလှန်နိုင်ခြင်း၊ ရဲစိတ်ရဲမာန်တက်ကြွနေခြင်း၊ လူအများကြည်ညိုလေးစား အထင်းကြီးလောက်အောင် ဘုန်းတန်းခိုးကြီးမားတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.