စက်တင်ဘာလ (၅)ရက်နေ့ နေ့လည် ဝး၄၅ နာရီမှ (၆)ရက်နေ့ နံနက် ဝး၃၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

စက်တင်ဘာလ (၅)ရက်နေ့ နေ့လည် ဝး၄၅ နာရီမှ (၆)ရက်နေ့ နံနက် ဝး၃၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Friday, September 5, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နေ့လည် ဝး၄၅ နာရီမှ (၆)ရက်နေ့ နံနက် ဝး၃၉ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် သရဝဏ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် သရဝဏ်နက္ခတ်၌ ဖွားသောသူသည် ကျေးဇူးသိတတ်သည်။ ကျက်သရေရှိမည်။ အပေးအကမ်းရှိခြင်း၊ ဂုဏ်အမျိုးမျိုးနှင့် ပြည့်စုံခြင်းရှိမည်။ စည်းစိမ်ချမ်းသာ၊ ပညာ၊ ဘုန်းတန်ခိုးအမျိုးမျိုးရှိမည်။ သားသမီးအဆက်အနွယ်စည်ပင်မည်။ အောင်မြင်ကြီးပွား ဖြစ်ထွန်း၍ ကံကောင်းသူဖြစ်သည်။ ဝေဒပညာတတ်မြောက်မည်။ ထင်ရှားမြင့်မြတ်သော အိမ်ထောင်ဘက်ကို ရရှိတတ်သည်။ ချမ်းသာကြွယ်ဝ၍ ကျော်ဇောသည်။ ရုပ်အဆင်းလှပခြင်း၊ သူတော်စင်တို့၏ ချစ်မြတ်နိုးမှုကို ခံရတတ်သည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ကျော်ကြားခြင်း၊ သူတော်ကောင်းများနှင့် နတ်ဒေဝါများကို ဆည်းကပ်ကြည်ညိုခြင်း၊ မှန်သောသစ္စာစကားကို ပြောတတ်ခြင်း၊ ထိုသူ၏ အဆက်အနွယ်များသည် အကြီးအကဲ(ဝါ) မင်း ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.