
စက်တင်ဘာလ (၁၈)ရက်နေ့ နံနက် ရး၃၆ နာရီမှ (၁၉)ရက်နေ့ နံနက် ၈း၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက် ၇း၃၆ နာရီမှ (၁၉)ရက်နေ့ နံနက် ၈း၉ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် အဿလိဿနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် အဿလိဿနက္ခတ်၌ ဖွားသောသူသည် တွေ့မရှောင် အကုန်စားတတ်သည်။ လူသတ်သမား ဖြစ်တတ်သည်။ ကျေးဇူးကန်းတတ်သည်။ ကောက်ကျစ်စဉ်းလဲတတ်သည်။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို တုတ်ထိုးအိုးပေါက် မကြောက်မရွံ့ ဝံ့ဝံ့စားစား လုပ်ပစ်တတ်သည်။ ရိုးသားမှုနည်းပါးမည်။ အကုန်စား၍ မကောင်းတာမှန်သမျှ အကုန်လုပ်တတ်သည်။ သစ္စာဖောက်တတ်သည်။ အစားအသောက်ကြမ်းခြင်း၊ အကုသိုလ်ကိုသာ ပြုလုပ်နေခြင်း၊ ကျေးဇူးရှင်ကို ကျေးစွပ်တတ်ခြင်း၊ ရက်စက်သောစိတ်ရှိခြင်း၊ လိမ်လည် လှည့်ဖျားတတ်ခြင်းနှင့် မဖြစ်မနေ ကြိုးစားလုပ်ကိုင်တတ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.