စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၈း၁၀ နာရီမှ (၂၀)ရက်နေ့ နံနက် ၉း၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၈း၁၀ နာရီမှ (၂၀)ရက်နေ့ နံနက် ၉း၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Friday, September 19, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၈း၁၀ နာရီမှ (၂၀)ရက်နေ့ နံနက် ၉း၉ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် မာဃနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် မာဃနက္ခတ်၌ မွေးဖွားသောသူသည် လက်အောက်ငယ်သားများ၏ ဓနရှင်တစ်ဦးဖြစ်မည်။ အသုံးအဆောင်ပြည့်စုံခြင်း၊ မိဘနှစ်ပါးကို လုပ်ကျွေးတတ်ခြင်း၊ မင်းထံခစား မင်းပါးထွက်ဝင် မင်းချစ်ခင်တတ်သည်။ အလွန်တရာ စိတ်အားထက်သန်မည်။ နတ်ဒေဝတာများနှင့် အသက်ကြီးသူများကို ရိုသေလေးစားမည်။ ကာမဂုဏ်စည်းစိမ်ကို အသေအချာကျကျနန ပြည့်ဝစွာခံစားလိမ့်မည်။ အခြွေအရံများ၍ ဝိုင်းဝိုင်းလည်နေမည်။ စည်းစိမ်ဥစ္စာအမြောက်အများ ပိုင်ဆိုင်မည်။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း၊ တပည့်ပေါများခြင်း၊ ဘောဂစည်းစိမ်ရှိခြင်း၊ ဖခင်၏ချစ်သောသားဖြစ်ခြင်း၊ ဝီရိယရှိခြင်း၊ စစ်ဗိုလ်ကြီးဖြစ်တတ်ခြင်း၊ မင်းမှုထမ်းပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.