စက်တင်ဘာလ (၂၂)ရက်နေ့ နေ့လည် ၁၂း၂၉ နာရီမှ (၂၃)ရက်နေ့ နေ့လည် ၂း၄၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

စက်တင်ဘာလ (၂၂)ရက်နေ့ နေ့လည် ၁၂း၂၉ နာရီမှ (၂၃)ရက်နေ့ နေ့လည် ၂း၄၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Tuesday, September 23, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ နေ့လည် ၁၂း၂၉ နာရီမှ (၂၃)ရက်နေ့ နေ့လည် ၂း၄၃ နာရီ အတွင်း မွေးဖွားမည့်ကလေးများသည် ဟဿတနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဟဿတနက္ခတ်၌ ဖွားသောသူသည် မုသားဆိုတတ်သည်။ လူရှုပ်လူပွေဖြစ်တတ်သည်။ အရက်သမားဖြစ်တတ်မည်။ ဆွေမျိုးဝိုင်းပယ်ခံ ရတတ်ခြင်း၊ သူတစ်ပါးမယားပြစ်မှားတတ်သည်။ အလွယ်တကူနှင့် အလွန်အမင်းစိတ်လှုပ်ရှားတတ်သည်။ မောက်မာဝါ ကြွား၍ စော်ကား မော်ကား ပြုတတ်သည်။ မူးယစ်သောက်စားတတ်သည်။ အကြင်နာတရားမရှိပါ။ သူခိုးသူဝှက် ဖြစ်တတ်သည်။ မဟုတ်မမှန် မုသားစကားကို ပြောဆိုတတ်ခြင်း၊ အရှက်အကြောက်ကင်းခြင်း၊ အရက်သေစာ သောက်ကြူးခြင်း၊ အပေါင်းအသင်းခင်မင်သူ ကင်းမဲ့ခြင်း၊ သူတပါး၏ ဥစ္စာကိုခိုးဝှက်တတ်ခြင်း၊ သူတပါး၏ မယားနှင့် ဖောက်ပြန် ကျူးလွန်နေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.