စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လည် ၂း၄၄ နာရီမှ (၂၄)ရက်နေ့ ညနေ ၅း၁၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လည် ၂း၄၄ နာရီမှ (၂၄)ရက်နေ့ ညနေ ၅း၁၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Wednesday, September 24, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လည် ၂း၄၄ နာရီမှ (၂၄)ရက်နေ့ ညနေ ၅း၁၉ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် စိတြနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် စိတြနက္ခတ်၌ ဖွားသောသူသည် သားမယားနှင့် မခြားမသီး နီးနီးနားနားနေရတတ်သည်။ မညိုးမလျော် ပျော်ပျော်ရွှင်ရွှင်နေရတတ်သည်။ စပါး၊ ဆန်ရေ၊ ရွှေငွေဓန ပေါကြွယ်ဝသည်။ ဘာသာတရား အသက်သိက္ခာကြီးမားသူများကို ပူဇော်ဆည်းကပ်မည်။ ရောင်စုံ အဝတ်အထည် အဆန်းအပြားများ ဝတ်စားဆင်ယင်တတ်သည်။ ပန်းအမျိုးမျိုး ပန်းဆင်တတ်သည်။ မျက်လုံး လှသည်။ ခြေလက်၊ အင်္ဂါများ အချိုးကျသည်။ ရည်မွန်ကျော့ရှင်းသည်။ သားမယားချွေရံသင်းပင်းနှင့် အတူနေရတတ်သည်။ ရောင့်ရဲတင်း တိမ်တတ်ခြင်း၊ ဥစ္စာဓနချမ်းသာခြင်း၊ နတ်ဒေဝါနှင့်ရဟန်း, ပုဏ္ဏားတို့အား ဆည်းကပ်ကိုးကွယ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.