စက်တင်ဘာလ (၂၅)ရက်နေ့ ည ၈း၁၂ နာရီမှ (၂၆)ရက်နေ့ ည ၁၁း၁၁ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

စက်တင်ဘာလ (၂၅)ရက်နေ့ ည ၈း၁၂ နာရီမှ (၂၆)ရက်နေ့ ည ၁၁း၁၁ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Friday, September 26, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ည ၈း၁၂ နာရီမှ (၂၆)ရက်နေ့ ည ၁၁း၁၁ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဝိသာခါနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဝိသာခါနက္ခတ်၌ ဖွားသောသူသည် လောဘကြီးတတ်သည်။ မာနလည်းကြီးတတ်သည်။ ကြမ်းကြုတ် ရက်စက်တတ်သည်။ ရန်လိုခိုက်ပွား စကားများချင်တတ်သည်။ ပြည့်တန်ဆာကိုမှ သာယာယစ်မှုး ရွှင်မြူးမွေ့လျော်တတ်သည်။ မနာလိုဝန်တိုစိတ်ရှိသည်။ လောဘရမ္မက်ကြီးတတ်သည်။ အသားအရေစိုပြေတတ်သည်။ ဆွဲဆောင်ဖြောင်ဖျ ပြောဆိုနိုင်စွမ်းရှိသည်။ လူများအကြား ခိုက်ရန်ဖြစ်ပွားစေတတ်သည်။ လောဘလွန်ကဲသူ ဖြစ်တတ်သည်၊ မာန်မာန အလွန်ကြီးတတ်သည်၊  ညှာတာစိတ်ကင်းမဲ့ပြီး ရိုင်းစိုင်းတတ်သည်။ ရန်လိုတတ်သည်၊ ထို့ပြင် ပြည်တန်ဆာ လိုက်စားတတ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.