အောက်တိုဘာလ (၃)ရက်နေ့ နံနက် ၁၀း၃၀ နာရီမှ (၄)ရက်နေ့ နံနက် ၁၀း၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

အောက်တိုဘာလ (၃)ရက်နေ့ နံနက် ၁၀း၃၀ နာရီမှ (၄)ရက်နေ့ နံနက် ၁၀း၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Friday, October 3, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက် ၁၀း၃၀ နာရီမှ (၄)ရက်နေ့ နံနက် ၁၀း၅ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဓနသိဒ္ဓိနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဓနသိဒ္ဓိနက္ခတ်၌ ဖွားသောသူသည် ဂီတကိုချစ်တတ်သည်။ ဆွေမျိုးများခြင်း၊ လေးစားခြင်းကို ခံရတတ်သည်။ လက်ဝတ်လက်စား ရွှေရတနာများဖြင့် တန်ဆာဆင်ထားသူဖြစ်မည်။ ရာတန်ကျေးကျွန်၏ အရှင်သခင်လည်းဖြစ်မည်။ လှူဒါန်းပေးကမ်းလိမ့်မည်။ စည်းစိမ်ကြွယ်၀ ချမ်းသာမည်။ သူရဲကောင်းတစ်ဦးဖြစ်မည်။ အနုပညာဝါသနာပါမည်။ ချမ်းသာကြီးပွားလိုသူ ဖြစ်သည်။  သီချင်းဆိုခြင်းကို ဝါသနာကြီး၏၊ ပေါင်းသင်းမိတ်ဆွေများကို ရင်းနှီးချစ်ခင်ခြင်း၊ ရွှေ၊ ငွေစသော ရတနာများ ပိုင်ဆိုင်ခြင်း၊ လူအများကို ကျွေးမွေးစောင့်ရှောက်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.