
အောက်တိုဘာလ (၉)ရက်နေ့ ည ၉း၀၄ နာရီမှ (၁၀)ရက်နေ့ ညနေ ၆း၃၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ ည ၉း၀၄ နာရီမှ (၁၀)ရက်နေ့ ညနေ ၆း၃၄ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ကြတ္တိကာနက္ခတ်၌ ဖွားသောသူသည် အထီးကျန်ဖြစ်တတ်သည်။ ယုတ်မာသောအမှုကိုပြုမည်။ အမြဲဆာလောင်တတ်သည်။ (မကြာခဏစားတတ်သည်) မပြုသင့်သောအမှုကို အမြဲပြုတတ်သည်။ အငမ်းမရ စားသောက်တတ်သည်။ သူတစ်ပါးသားမယားတို့ကို ကျူးလွန်ဖောက်ပြားတတ်သည်။ သည်းခံနိုင်သော စိတ်ထားမရှိပါ။ မျက်နှာကြီးသူ ဖြစ်ပါသည်။ နှမြောတွန့်တိုတတ်ခြင်း၊ အကုသိုလ်ပြုခြင်း၊ ဆာလောင်မွတ်သိပ်မှု၏ နှိပ်စက်ခံရခြင်း၊ ဒုက္ခရင်ဆိုင်ရခြင်း မပြုအပ်သည်ကို အမြဲပြုလုပ်လေ့ ရှိတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.