ဒီဇင်ဘာလ(၂)ရက်နေ့ ည ၉:၅၂ နာရီမှ ၃ ရက်နေ့ ညနေ ၆:၅၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဒီဇင်ဘာလ(၂)ရက်နေ့ ည ၉:၅၂ နာရီမှ ၃ ရက်နေ့ ညနေ ၆:၅၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Wednesday, December 3, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့ ည ၉:၅၂ နာရီမှ ၃ ရက်နေ့ ညနေ ၆:၅၉ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် ဘရဏီနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ဘရဏီနက္ခတ်၌ မွေးဖွားသောသူသည် ရောဂါကင်းမည်။ အမှန်ဆိုတတ်မည်။ သက်လုံကောင်းမည်။ အကျင့်ခိုင်မာခြင်း၊ ကိုယ်စိတ်နှစ်ပါး အလွန်ချမ်းသာခြင်းရှိမည်။ ဓနရှင် ဖြစ်မည်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည်။ သစ္စာရှိသည်။ ကျန်းမာသည်။ ပူပန်ကြောင့်ကြမှု ကင်း၍ ပျော်ရွှင်မည်။ လက်ရာမြောက်ကျွမ်းကျင်မည်။ ကျန်မာရေးကောင်းခြင်း၊ မှန်ကန်သောစကားကို ပြောဆိုတတ်ခြင်း၊ မြင့်မြတ်သော အယူဝါဒရှိခြင်း၊ ခိုင်မာသောသစ္စာရှိခြင်းနှင့် သုခချမ်းသာ ရှိတတ်ပါသည်၊ ဥစ္စာဓနချမ်းသာတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.