ဒီဇင်ဘာလ(၃)ရက်နေ့ ညနေ ၆:၆၀ နာရီမှ ၄ ရက်နေ့ ညနေ ၃:၅၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဒီဇင်ဘာလ(၃)ရက်နေ့ ညနေ ၆:၆၀ နာရီမှ ၄ ရက်နေ့ ညနေ ၃:၅၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Thursday, December 4, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့ ညနေ ၆:၆၀ နာရီမှ ၄ ရက်နေ့ ညနေ ၃:၅၄ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ကြတ္တိကာနက္ခတ်၌ ဖွားသောသူသည် အထီးကျန်ဖြစ်တတ်သည်။ ယုတ်မာသောအမှုကိုပြုမည်။ အမြဲဆာလောင်တတ်သည်။ (မကြာခဏစားတတ်သည်) မပြုသင့်သောအမှုကို အမြဲပြုတတ်သည်။ အငမ်းမရ စားသောက်တတ်သည်။ သူတစ်ပါးသားမယားတို့ကို ကျူးလွန်ဖောက်ပြားတတ်သည်။ သည်းခံနိုင်သော စိတ်ထားမရှိပါ။ မျက်နှာကြီးသူဖြစ်ပါသည်။ နှမြောတွန့်တိုတတ်ခြင်း၊ အကုသိုလ်ပြုခြင်း၊ ဆာလောင်မွတ်သိပ်မှု၏ နှိပ်စက်ခံရခြင်း၊ ဒုက္ခရင်ဆိုင်ရခြင်း မပြုအပ်သည်ကို အမြဲပြုလုပ်လေ့ ရှိတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.