ဒီဇင်ဘာလ(၆)ရက်နေ့ နံနက် ၉:၅၃ နာရီမှ ၇ ရက်နေ့ နံနက် ၇:၁၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဒီဇင်ဘာလ(၆)ရက်နေ့ နံနက် ၉:၅၃ နာရီမှ ၇ ရက်နေ့ နံနက် ၇:၁၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Saturday, December 6, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက် ၉:၅၃ နာရီမှ ၇ ရက်နေ့ နံနက် ၇:၁၉ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် အဒြနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် အဒြနက္ခတ်၌ ဖွားသောသူသည် ကျေးဇူးကန်းတတ်သည်။ ဒေါသကြီးတတ်သည်။ မကောင်းမှု၌ မွေ့လျော်တတ်သည်။ ဥစ္စာစီးပွား၊ စပါး၊ ဆန်ရေကင်း၍ ဆင်းရဲသားဖြစ်တတ်သည်။ ဝါကြွားတတ်သည်။ လိမ်လှည်လှည့်ဖြားတတ်သည်။ သစ္စာမရှိတတ်ပါ။ အန္တရာယ်ရှိ၍ ယုက်မာညစ်ညမ်းသူလည်း ဖြစ်သည်။ ကျေးဇူးရှင်ကို ကျေးစွပ်တတ်ခြင်း၊ မာနထောင်လွှားခြင်း၊ မကောင်းမှုပြုလုပ်တတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်သော အကျင့်ဆိုးရှိခြင်း၊ ထို့ပြင် ထိုသူသည် ဥစ္စာပစ္စည်းသော်၎င်း ၊ စားနပ်ရိက္ခာသော်၎င်း မွဲတေနေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.