ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက် ၃:၄၀ နာရီမှ ၁၂ ရက်နေ့ နံနက် ၅:၀၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက် ၃:၄၀ နာရီမှ ၁၂ ရက်နေ့ နံနက် ၅:၀၀ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်၌ ဖွားသောသူသည် နွား၊ ကျွဲ၊ သတ္တဝါ ဥစ္စာဓနပေါကြွယ်ဝခြင်း၊ လေးနက်ခြင်း၊ မိန်းမချစ်ခြင်း၊ ချမ်းသာခြင်း၊ ပညာရှိ အပူဇော် ခံရခြင်းရှိမည်။ လှူဒါန်းပေးကမ်းလိမ့်မည်။ ထင်ရှားကျော်ဇောမည်။ လှပချောမောသည်။ အမြဲမပြတ် ခရီးသွားလာနေတတ်သည်။ လမ်းလျှောက်နေမည်။ ပညာတတ်ဖြစ်မည်။ တိရစ္ဆာန်မွေးတတ်ခြင်း၊ နက်နဲသော အသိဉာဏ်ရှိခြင်း၊ လှပချောမွေ့သော အပျိုမိန်းကလေးများ၏ ချစ်ကြိုက်မှုကို ခံရခြင်း။ သုခချမ်းသာရှိခြင်း၊ လူအများ၏ လေးစားမှုကိုခံရခြင်း နှင့် ပဏ္ဍိတပညာရှိ ပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.